လူသူကင်းမဲ့တဲ့လမ်းပေါ်မှာ
တစ်ယောက်တည်းလမ်းလျှောက်ရင်း
မြေပေါ်မှ ကျောက်ခဲလေးတွေကို
ခြေထောက်နှင့်လှိမ့်ကန်ခဲ့ဖူးတယ်
လမ်းဘေးကအုတ်ခုံမှာ...ဂစ်တာသံသဲသဲကြားတဲ့အခါ
မည်သည့် ၊သီချင်းများလဲဟု
ပန်းကလေးတစ်ပွင့်ကို အမျိုးအမည်မတပ်ဘဲ
ချစ်ချင်တယ်
ညဉ်နက်သန်းခေါင်းမှ
အိမ်ပြန်လာကြသော တေလေတစ်သိုက်
ဝါးခနဲ ရပ်လိုက်တဲ့အသံကို
ကြား လိုက်ရတယ်
မအိပ်ချင်သေး....။
အချိန်ကကုန်မည်စိုး
အိပ်လျှင်လည်းအိပ်မက်ကလှမည်လားဟု
နားမဆံအောင်မေးနေပေမဲ့
ကိုယ်နားကငြင်းဆန်၊မနိုင်လောက်အောင်
သံချောင်းခေါက်သံကလွင့်ပျံလာတယ်..........
{ naitar }
တစ်ယောက်တည်းလမ်းလျှောက်ရင်း
မြေပေါ်မှ ကျောက်ခဲလေးတွေကို
ခြေထောက်နှင့်လှိမ့်ကန်ခဲ့ဖူးတယ်
လမ်းဘေးကအုတ်ခုံမှာ...ဂစ်တာသံသဲသဲကြားတဲ့အခါ
မည်သည့် ၊သီချင်းများလဲဟု
ပန်းကလေးတစ်ပွင့်ကို အမျိုးအမည်မတပ်ဘဲ
ချစ်ချင်တယ်
ညဉ်နက်သန်းခေါင်းမှ
အိမ်ပြန်လာကြသော တေလေတစ်သိုက်
ဝါးခနဲ ရပ်လိုက်တဲ့အသံကို
ကြား လိုက်ရတယ်
မအိပ်ချင်သေး....။
အချိန်ကကုန်မည်စိုး
အိပ်လျှင်လည်းအိပ်မက်ကလှမည်လားဟု
နားမဆံအောင်မေးနေပေမဲ့
ကိုယ်နားကငြင်းဆန်၊မနိုင်လောက်အောင်
သံချောင်းခေါက်သံကလွင့်ပျံလာတယ်..........
{ naitar }
0 အမြင်လေးတွေ:
Post a Comment