Thursday, November 29, 2012

ဆန့်ကျင်ရာ


ကျနော်တို့တစ်တွေကိုယ်စီမှာဝါသနာမျိုးစုံ၊အိပ်မက်မျိုးစုံရှိခဲ့ကြတယ်။တစ်ချို့ကလည်းကိုယ်ဝါသနာပါရာ၊ကိုယ်အိပ်မက်တွေကို ဖော်ပြခွင့်ရခဲ့ကြတယ်။ပြုလုပ်ခွင့်ရခဲ့ကြတယ်။ ကျနော်တို့တွေ အိပ်မက်တွေ၊ စိတ်ကူး တွေ၊ ၀ါသနာတွေ ကလည်း ငယ်စဉ်ကတည်း အရင်းခံ လာကြတာပဲလေ။
တစ်ချို့က ဘာကို ၀ါသနာပါမှန်းမသိတဲ့လူတွေလည်းရှိပါတယ်။ ငယ်စဉ်က မှင်တံ(သို့) ခဲတံကလေး နှင့် ဟိုပုံလေး ဆွဲလိုက် ၊ဒီပုံလေး ဆွဲလိုက် နောက် နည်းနည်း ကြာလာတော့ အရောင်လေးတွေထည့်လိုက်ပေါ့။ နောက်တော့ သူကအနုပညာကို ကိုစိတ်ပါဝင်စားလာပြီး ၊ ဒီထဲက ပန်းချီဆရာ(သို့) ကဗျာဆရာ (သို့) အနုပညာ သမား တစ်ယောက် ဖြစ်သွားနိုင်တာပဲ။တစ်ချို့ကလည်း  ငယ်စဉ်ကတည်းက ဆေးထိုးကစားတာတို့ လုပ်ကစား ကျတာပေါ့။ သူတို့ကျတော့ နောက်တော့ ဆရာဝန်လေးတွေဖြစ်ချင်လာကြတယ်။တစ်ချို့ကလည်း ငယ်စဉ်ကတည်းက အတုံးကလေးတွေနှင့် ဟိုဆက် ဒီဆက်ဆက်ပြီး အိမ်ကလေးဆောက်၊ တိုက်ကလေးတွေဆောက် တမ်းကစားကြတယ်။
  နောက်တော့ သူတို့လေးတွေက အင်္ဂျင်နီယာလေးတွေ ဖြစ်ချင်လာ ကြတာပဲလေ။ တစ်ချို့ ကျတော့လည်း နာရီမြင်ရင်ဖျက်၊ ပြီးရင် ပြန်ကောက်တပ် ဒါပေမဲ့ နာရီပြန်မရဘဲ တစ်စစီဖြစ်သွားအောင် ခလေးတွေလည်း ရှိကြတာပဲလေ။ ဘ၀မှအမျိုးမျိုးသော အကြောင်းလေး တွေ ရှိနေပေမဲ့လည်း သူတို့မြင်ရာ သူတို့ထင်ရာလေးတွေကိုပြုလုပ်ခဲ့ကြတယ်။အဲဒီမှာ သူ့တို့အတွက် ဘယ်အရာတွေကို သူတို့ပို စိတ်ပါဝင်စားသလဲ၊ ပိုဝါသနာပါလဲဆိုတာတွေကို မိဘတွေကလည်း သိနိုင်၏။ သိတဲအတိုင်းပြုလုပ်ပေးစေချင်သည်။ တစ်ချို့မိဘတွေကလည်း ရှိသည်၊ ကိုယ်ခလေးတွေ ဘယ်အရာကို ပိုပြီး စိတ်ပါဝင်စားသည်ကို သိပါလျှက် လစ်လျှူရူတာမျိုးပေါ့၊ မိဘတို့စိတ်တိုင်း ကျပုံဖေါ်ကျ၏။ ဆရာဝန်ဆိုတာ ဂုဏ်ရှိတယ်၊ အဲဒီတော့ဆရာဝန်ဖြစ်အောင်လုပ်ပေါ့ ဆိုတဲ့အမြင်မျိုးပေါ့။ အဲဒီမှာ သူတို့မှာ ပြုစုယုယတဲ့ ဂရုနာစိတ် သူတို့မှာ ပါချင်မှပါမည် ဖြစ်ပါသည်။ အနုပညာ ဆိုတာလည်း အဲသည်အတိုင်းပဲ ၀ါသနာ မပါဘဲ စိတ်မပါဝင်စားဘဲလုပ်ပါက သုတ၊ရသ မြောက်ချင်မြောက်ပေမယ်။
အဲဒီတော့ ကျနော်တို့တစ်တွေက ဘ၀ဆိုတာ လျှောက်လာဝယ် မိမိထမင်းစားဖို့၊ မိမိရဖို့တစ်ခု တည်းအတွက် အလုပ်လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်တူ၊ ကိုယ်သား၊ ကိုယ်သမီး အတွက်ဆိုသလို့ မိမိပတ်ဝန်း ကျင် မိမိဒေသ၊မိမိ နိုင်ငံအတွက်လုပ်တဲ့ အလုပ်မျိုးလုပ်စေချင်သည်။ သူတို့လေးတွေ ဖြစ်ချင်တာနှင့် ကိုယ်ချင်တာ တွေ တစ်ခါတစ်လေ ဆန့်ကျင်နေရာ၊ ဆန့်ကျင်ရာကိုမစေမိဖို့လိုပါသည်။

ဖြစ်ချင်တာတွေနှင့် ဖြစ်နေတာတွေ တစ်ထပ်တည်းကျပါစေဟု ဆုမွန်ကောင်းတောက်လျှက်
                                                                           Naitar(gcc)

1 အမြင်လေးတွေ:

ငြိမ်းစိုးဦး said...

လျစ်လျှုမရှုပဲ သတိထားပြီး ထိန်ကျောင်းပေးနိုင်ရင် ညှိနှိုင်းပေးနိုင်ရင် အဆင်ပြေမယ်ထင် ...

Post a Comment