Tuesday, April 18, 2017

သှ်ရင်ထဲဝင်ကြည့်

ယုံကြည်မူဆိုတာ ဖြစ်ဖို့
တစ်စတစ်စနှင့် ပေးဆပ်လာတာ
ပျက်သုန်းဖို့ဆိုရင်
ဘာမဟုတ်တဲ့ ကိစ္စကဖြစ်သွားနိုင်တရ်
အဲဒီစိတ်တွေ၊ထည့်တွက်ရင်းနှင့်ပ
မျက်နှာပန်းမလှတဲ့
နေ့ရက်တွေကိုဖြတ်သန်းရင်း
ဘ၀ဆိုတာ ငါ ကြောက်လာတရ်......။

ရှင်သန်နေသရွှေ့ကတော့
ဘ၀ဆိုတာနှင့်
နဖူးတွေ့၊ဒူးတွေ့ နေရမှာပဲ
အဲဒီအတွက် ငါ
တစ်ခါ ကျရှုံး၊ တစ်ခါ ပြန်ထ
တစ်ခါ ရိုက်ကျိုးခံထိ၊
တစ်ခါ ပြန်တည်ဆောက်
နေရမှာပဲ့........။

အဲဒီအတွက်ငါမှာ
အလုပ်တွက်ပေးဆပ်ရန်
 အလုပ်ကြွေး၊၀တ္ထရားကြွး
မေတ္တာကြွေး၊သစ္စာကြွေး
တွေနှင့်
လုံချာလိုက်ရင်း

တစ်ခါတစ်လေ
ခပ်မဲ့မဲ့လေး အော်ဟစ်လိုက်ချင်တရ်
‘‘ကံကြမ္မာရေ မင်းနှင့်တွေ့ဆုံနေရတာ၊
ငါတော့ရင်တုန်၊ပန်းတုန် နေပါပြီကွာ’’

0 အမြင်လေးတွေ:

Post a Comment